Latest News

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ အားကစားနှင့်ပညာရေးပေါင်းစပ်အထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာရေးစုံညီပွဲတော် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်နေမှုမှတ်တမ်း။ (၁၇.၁.၂၀၂၄) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်

 

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားလှုပ်ရှားမှုပြိုင်ပွဲများကို ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘောလုံးနှင့် ပြေးခုန်ပစ် အားကစားနည်း (၅)မျိုးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး၊ ယနေ့ ပြိုင်ပွဲများတွင် ဆုရရှိသော အားကစားသမားများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြေးခုန်ပစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများမှ တက်ရောက်၍ ဆုရရှိသည့် အားကစားသမားများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပါသည်။

(၄.၁.၂၀၂၄)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၃-၂၀၂၄ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်      
လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ပြည်ထောင်စုခန်းမ၌ ယနေ့ မွန်းလွဲ(၃:၀၀)နာရီ အချိန်တွင် ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး၊ အခမ်းအနားတွင် ဝန်ထမ်းများ သက်သာချောင်ချိရေး အထောက်အကူဖြစ်စေရန်အတွက် ဝန်ထမ်းအင်အား စုစုပေါင်း (၂၇၁)ဦးအား တစ်ဦးလျင် စားသောက်ကုန်ပစ္စည်း(၆)မျိုး ထောက်ပံ့ပေးအပ်မှုမှတ်တမ်း။ (၅-၄-၂၀၂၃)ရက်နေ့

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် (၃၁.၃.၂၀၂၃)ရက်နေ့မှ (၄.၄.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နည်းပြမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားမှတ်တမ်း။ (၄.၄.၂၀၂၃) ရက်နေ့၊ ညနေ(၃:၀၀)နာရီအချိန်

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)တွင် (၃၁.၃.၂၀၂၃)ရက်နေ့မှ (၄.၄.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နည်းပြမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားမှတ်တမ်း။ (၃၁.၃.၂၀၂၃) ရက်နေ့၊ မွန်းလွဲ(၂:၀၀)နာရီအချိန်

Pages