Latest News

tအားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများတွေ့ဆုံပွဲကို (၂၅.၁၀၂၀၁၅) ရက်နေ့ နေ့လည် (၁၂း၀၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် ကျောင်းအုပ်ကြီးမှ ၀န်ထမ်းများအား ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွင် တူညီဝတ်စုံများဖြင့် လမ်းလျှောက်နိုင်ရန် Track Suit များပေးအပ်ခဲ့ပါသည်။

(၁၉) ကြိမ်မြောက် အားကစားဝန်ကြီးဌာန မိသားစုမဟာဘုံကထိန်ကပ်လှူပူဇော်ပွဲအခမ်းအနားကို (၂၂.၁၁.၂၀၁၅) ရက်နေ့တွင် ရန်ကုန်မြို့၊ ဒက္ခိဏာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) နည်းပြဆရာများအရည်အသွေးမြှင့်သင်တန်း ကို (၁၂.၁၀.၂၀၁၅ ရက်နေ့မှ ၂၀.၁၀.၂၀၁၅) ရက်နေ့အထိ အားကစားနှင့်ကာယပညာသိပ္ပံ (ရုံးဟောင်း)ခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။

ကျောင်းအုပ်ကြီးနှင့် ၀န်ထမ်းများတွေ့ဆုံပွဲကို (၉.၁၀၂၀၁၅) ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရုံးဟောင်းခန်းမတွင် နေ့လည် (၂း၀၀ နာရီမှ ၃း၀၀နာရီထိ)ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုတွေ့ဆုံပွဲအပြီးတွင် ကျာင်းအုပ်ကြီးမှ ၀န်ထမ်းများ သက်သာချောင်ချိရေးအတွက် တစ်ဦးလျှင်ဆန်(၅)ပြည်နှုန်းပေးဝေခဲ့ပါသည်။

              အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း၊ ထူးချွန်အားကစားသမားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ နေ့လည် (၁၃း၃၀)နာရီတွင် ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ကျပန်းစကားပြောပြိုင်ပွဲ ပထမနေ့နှင့် ဒုတိယနေ့ကို (၁.၁၀.၂၀၁၅ - ၂.၁၀.၂၀၁၅) ရက်နေ့ (၁၈း၀၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရုံးဟောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆက်လက်ပြီး ဗိုလ်လုပွဲကို (၆.၁၀.၂၀၁၅)ရက်နေ့တွင် ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဘောလုံးအားကစားနည်းမှ သင်တန်းသား/သူများချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ (Sunlife Cup 2015) ဖွင့်ပွဲအခမ်းအနားကို (၂၉.၉.၂၀၁၅) ရက်နေ့တွင်ပြုလုပ်ပြီး ထိုအခမ်းအနားတွင် ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၁၉၉၇-၉၈ ပညာသင်နှစ်မှ၂၀၀၁-၂၀၀၂ ပညာသင်နှစ်ထိ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းကျောင်း ကျောင်းသား /သူဟောင်းများ၏ ပထမအကြိမ်အာစရိယပူဇော်ပွဲအခမ်းအနားကို (၃-၁၀-၂၀၁၅)ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ပြည်ထောင်စုခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် ချစ်ကြည်ရေးလာရောက်ကစားသည့် နယူးဇီလနှ် လက်ရွေးစင်ဘောလုံးအသင်းသည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ဘောလုံး သင်တန်းသား/သူများအား နည်းစနစ်ပိုင်းဆိုင်ရာများကို (5.9.2015) ရက်နေ့တွင် လာရောက်သရုပ်ပြသခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ်နှင့် အား/ကာသိပ္ပံ (ရန်ကုန်) ၀န်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် သောကြာနေ့ နံနက် (၁၀း၃၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ရုံးဟောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages