Latest News

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) တွင်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို (၁၇.၄.၂၀၂၂) နံနက်(၇:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး

ညနေ(၅:၀၀)နာရီအချိန်တွင် ကျိုက္ကဆံကွင်းအတွင်းနှင့် ရုံး၊ အဆောက်အဦများ အန္တရာယ်ကင်းစေရန်အတွက် ဝန်ထမ်းမိသားစုများမှ အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခဲ့ပါသည်။

 

(၆.၄.၂၀၂၂)ရက်နေ့၊ (၁၅:၀၀)နာရီချိန်တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းဒါဘာ ကျင်းပပြုလုပ်ပြီး၊ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများမှ ကိုဗစ်(၁၉)ရောဂါ ကန့်သတ်ထိန်းချုပ်ကာလအတွင်း ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တစ်ဦးလျင် ကြက်ဥ၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပိုကာရီစွက်၊ Hand Gel နှင့် Mask စုစုပေါင်း ပစ္စည်း(၇)မျိုးအား ထောက်ပံ့ပေးအပ်နေမှု မှတ်တမ်း။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် ကိုရီးယားသမ္မတနိုင်ငံ "Korea International Cooperation Agency(KOICA)" မှ Deputy Representative Mr.Kim Jong Jum တို့ အနာဂတ် မြန်မာ့အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆွေးနွေးသည့် အခမ်းအနားမှတ်တမ်း။

(၅.၁၁.၂၀၂၁)ရက်နေ့၊ နေ့လည် (၃:၀၀)နာရီအချိန်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းမှ သင်တန်းသား/သူများ၏ "ကျပန်းစကားပြောပြိုင်ပွဲ" ကို (၂၆.၁၀.၂၀၂၁) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး (၂၈.၁၀.၂၀၂၁)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)  မြန်မာ့သိုင်းအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ ပြည်ထောင်စုခန်း၌ (၁၈.၆.၂၀၂၁) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို (၄-၂-၂၀၂၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်း(၂၂၀)ဦးအားအုပ်စုခွဲ၍ (၂၉.၁.၂၀၂၁) ရက်နေ့တွင် (ပထမအသုတ်) နှင့် (၃၀.၁.၂၀၂၁) ရက်နေ့တွင် ဝန်ထမ်း(၃၇၅)ဦးအား (ဒုတိယအသုတ်) COVID-19 ကူးစက်ရောဂါ ကာကွယ်ဆေးထိုးပေးနေမှုမှတ်တမ်း။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)

ဝန်ထမ်းများ ရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအား (၅.၁.၂၀၂၁)ရက်နေ့မှစ၍ အပတ်စဉ်(တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ)နေ့များတွင် အုပ်စု(က)/(ခ)ခွဲပြီး၊

သင်ကြားပို့ချပေးခဲ့ပါသည်။

(တက်ရောက်အင်အား= အရာထမ်း/အမှုထမ်း စုစုပေါင်း-(၆၇)ဦး

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများမှ သက်ပြည့်အငြိမ်းစားယူသွားသည့် ဝန်ထမ်းများဖြစ်သည့်-

- ဒေါ်သီသီရှိန် (လ/ထညွှန်ကြားရေးမှူး)

- ဦးအောင်မင်း (နည်းပြ/နည်းစနစ်)

- ဒေါ်စန်းစန်းမြင့် (အကြီးတန်းလက်နှိပ်စက်)

- ဒေါ်အေးလွင် (လုပ်သား) တို့အား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားအား  (၂၈.၁၂.၂၀၂၀)ရက်နေ့၊ ညနေ (၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages