အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှဝန်ထမ်းများ၊ သင်တန်းသား/သူများနှင့်တွေ့ဆုံပွဲအခမ်းအနား (၁၆.၆.၂၀၂၅)

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် မည့် ရန်ကုန်မြို့တွင်စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံပြီး နပန်း၊ ကျွမ်းဘားအားကစား အဖွဲ့များ၏ လေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး ရန်ကုန်၊ ဇွန်လ (၁၆)ရက်

 

(၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်မြို့တွင်စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားအဖွဲ့များတွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ နည်းပြများ၊ အားကစားသမားများတက်ရောက်ခဲ့ကြပါသည်။

ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် အား ရန်ကုန်မြို့တွင် စခန်းဝင်လေ့ကျင့် လျက်ရှိသောအားကစားအဖွဲ့များမှအားကစားနည်းအလိုက် မိတ်ဆက်ဂါရဝပြုပြီး အားကစား နှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ (၁)နှင့် (၂)တို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဒုတိယဝန်ကြီး တို့မှ အမှာစကားပြောကြားရာတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ရန်ကုန်မြို့သို့ ပြောင်းရွေ့စခန်းဝင်လေ့ကျင့်နေသည့် အားကစားအဖွဲ့များ အတွက် စားသောက်ရေး / နေထိုင်ရေးကိစ္စရပ်များ၊ သွား/လာရေးကိစ္စရပ်များနှင့် လေ့ကျင့်ရေး အဆင်ပြေစေရန်အတွက် အားကစားလေ့ကျင့်ရေး ကွင်း/ရုံများ အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးထားပါကြောင်း၊ (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရက်ပေါင်း (၁၇၅) ရက်သာ လိုတော့သည့်အတွက် အုပ်ချုပ်/ နည်းပြများနှင့် ပဏာမလက်ရွေးစင် အားကစားသမားများ က အောင်မြင်မှုဆုတံဆိပ်များရရှိအောင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး စွမ်းအားအပြည့်ဖြင့် ကြိုးစားကြရန်လိုကြောင်း၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် ၊ နည်းပြဆရာများက ဆရာ့ကျင့်ဝတ်ငါးပါးနှင့်အညီ တပည့်များအပေါ် သားသမီးများသဖွယ် သင်ကြားပြသဆုံးမပေးရန်လိုအပ်သလို တပည့်များ ကလည်း တပည့်ကျင့်ဝတ်များနှင့်အညီ နည်းပြဆရာများရဲ့ သင်ကြားပြသဆုံးမမှုများကို လေးစားလိုက်နာကြိုးစားကြရန်လိုကြောင်း၊ ပြိုင်ဘက်နိုင်ငံများမှ မိမိနှင့်ယှဉ်ပြိုင်မည့် အားကစားသမားရဲ့အခြေအနေကို အမြဲလေ့လာသိရှိ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် နေရန်လို ကြောင်းပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကားပြောကြားရာ တွင် ရည်ရွယ်ချက်၊ ရည်မှန်းချက် အပြည့်ဖြင့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရန်၊ အားကစားသမားကောင်းစိတ်ဓာတ်အပြည့်ဖြင့် နောက်ဆုံးအချိန်အထိ ဆင်ခြင်တုံတရားရှိစွာဖြင့် ကြိုးစားသွားကြရန် ၊ နိုင်ငံတော်က အားထားရတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ် အမိနိုင်ငံတော်ကို ကျေးဇူးဆပ်နိုင်ရန် တိုက်တွန်းပြောကြား ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ စားရိပ်သာတွင် သင်တန်းသား/သင်တန်းသူများနှင့် အတူ နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများအား လိုက်လံကြည့်ရှုအားပေးစကားပြော ကြားခဲ့ပြီးနောက် အားကစားနှင့်ကာယပညာသိပ္ပံရှိ ဆေးခန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများနှင့်တွေ့ဆုံရာ အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးတို့မှ လိုအပ်ချက် များအားတင်ပြဆွေးနွေးခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးမှယခင်တွေ့ဆုံပွဲ၌တင်ပြချက်များအားပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီး နောက် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် နှင့်ဒုတိယဝန်ကြီးတို့ မှ လမ်းညွှန်

အမှာစကားပြောကြားရာ (၃၃)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲသို့ စနစ်တကျ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ အောင်မြင်မှုဆုတံဆိပ်များ ရရှိနိုင်ရေးတို့သည် အဓိက ကျပြီးလာမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၌လည်း မျိုးဆက်သစ် အားကစား သမားများ ရရှိအောင်ယခုကတည်းက စနစ်တကျကြိုးစားလေ့ကျင့် မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း၊အခြေခံကောင်းသည့် မျိုးဆက်သစ်ထူးချွန်ထက်မြက်သည့် အားကစားသမား ကောင်းများ ပေါ်ထွက်လာအောင် ပညာရေးမှ ဆရာ/ဆရာမများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံ(ရန်ကုန်)မှတာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုံခြုံရေး အသိ၊ လုံခြုံရေးသတိရှိစွာဖြင့် ဂရုစိုက်လုပ်ဆောင်ကြရန်လိုကြောင်း၊ အခက်အခဲ ရှိပါက တာဝန်ရှိသူများထံသို့ချက်ချင်း သတင်းပို့ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်က အားထားရ သည့် ကြယ်ပွင့်ကလေးများမွေးထုတ်ပေးနိုင်ရန် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ပညာရေးကိုအဆင့်မြင့်မြင့် အောင်မြင်ပြီးပညာရေး ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားကြရန်မှာကြား ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင် လုံခြုံရေး ကို အထူးဂရုစိုက်စိစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လာမည့်နှစ်များ၌ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းပြိုင်ပွဲများ ပြုလုပ်ရန်ရှိကြောင်း၊ အားကစားအောင်မြင်မှု အတွက် ဆေးပညာရပ် နှင့်စိတ်ပညာရပ် ပေါင်းစပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံပြီး စိတ်ဓာတ်ကောင်းမွန်သည့် အားကစားသမားများဖြစ်ရန်လိုအပ်ကြောင်း ၊ မိသားစု စိတ်ဓာတ်ဖြင့်အပြုသဘောဆောင်ပြီးလုပ်ငန်းတာဝန်များကိုတက်ညီလက်ညီစုပေါင်းဝိုင်းဝန်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နပန်းအားကစားလေ့ကျင့်ရေးရုံ သို့ ရောက်ရှိပြီး (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန်လေ့ကျင့်နေသော ပဏာမလက်ရွေးစင်နပန်း အားကစားသမားများသရုပ်ပြ လေ့ကျင့်ကစားနေမှု၊ ကျွမ်းဘားအားကစားရုံ၌ အားကစားနည်းအလိုက်ပဏာမလက်ရွေးစင် ကျွမ်းဘားအားကစားသမားများ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ခန္ဓာကိုယ်ကျန်းမာ ကြံ့ခိုင်ရန်၊ အခြေခံနည်းစနစ်မှန်ကန်စွာဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် အညီလေ့ကျင့်ကစားကြရန်၊ အောင်မြင်မှုဆုတံဆိပ်များရရှိပြီး နိုင်ငံတော်ကို ကျေးဇူးဆပ် နိုင်ရန်မှာကြားခဲ့ကြောင်း သိရှိရသည်။