၂၀၁၉-၂၀၂ဝပညာသင်နှစ်၊ အား/ပညာပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနား (၃.၆.၂၀၁၉)

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ တက်ရောက်ဖွင့်လှစ် အမှာစကားပြောကြားပေးခဲ့ပြီး၊ အခမ်းအနားတွင် အလှူရှင်များမှ အလှူငွေများပေးအပ်ခြင်း၊ အားကစားသရုပ်ပြသခြင်းများအား အားပေးကြည့်ရှု၍ အားကစားနည်းအလိုက် အားကစားပစ္စည်းများ ခင်းကျင်းပြသမှုများအား လိုက်လံကြည့်ရှုခဲ့ပါသည်။ (၃.၆.၂၀၁၉)