တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အ‌မေရိကန်‌ဒေါ်လာ‌ ၆၀၀၀၀၀‌ကျော်တန်ဖိုးရှိ အားကစားပစ္စည်းများလှူဒါန်း (၆.၁၁.၂၀၂၁)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာ‌ရေးနှင့်အားကစား၀န်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနသို့ အ‌မေရိကန်‌ဒေါ်လာ ၆၀၀၀၀၀‌ကျော် တန်ဖိုးရှိ အားကစားပစ္စည်းများ‌  ပေးအပ်ပွဲလှူဒါန်းပွဲအခမ်းအနားကို၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ ညနေ(၄)နာရီက ရန်ကုန်မြို့၊ တာ‌မွေမြိုနယ်၊ ကျိုက္ကဆံဝင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) အစည်း အဝေးခန်းမ၌ပြုလုပ်သည်။ အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံသံအမတ်ကြီး ကိုယ်စား၊ စီးပွား‌ရေးသံမှူး Mr.Tha Shu Fu နှင့်တာ၀န်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးမိုး၊ ရန်ကုန်တိုင်း‌ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦး‌အောင်မိုး၊ အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ဒုတိယကျောင်းအုပ်ကြီး ဦးဗလ‌ကျော်သူ နှင့် အဖွဲချုပ်မှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။ ထိုနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးကိုယ်စား၊ စီးပွား‌ရေး သံမှူး Mr.Tha Shu Fu က လှူဒါန်းရခြင်းနှင့်ပတ်သက်၍‌ ပြောကြားပြီး အ‌မေရိကန်‌ဒေါ်လာ ၃၅၂.၉၆၈ တန်ဖိုးရှိ ကျွမ်းဘားအားကစားပစ္စည်းငါးမျိုးဖြစ်သည့် Floor Exercid လေးမျိုး၊ Spring Board (TQ1010) ၁၀စုံ၊ Spring Board (TQ1011) ၁၀စုံ၊ Hand guard for rings ၅၀စုံ၊ Hand guard for horizontal bar ၅၀စုံ၊ လှေလှော်အားကစားပစ္စည်းရှစ်မျိုးဖြစ်သည့် Single Scull ၊Duble Scull ၊Coxless Eight,Coxed Eightနှစ်ခုစီ၊Sculling Oars၁၀စုံ၊Sweep Oar ၂၄ချောင်း၊ Dragon Boat (10Paddles) ၁၀စီး၊ Traditional Paddle ၅၀ချောင်း ပေးအပ်လှူဒါန်းရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးဦးကျော်စိုးမိုးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ "ကျွန်တော်တို့ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၆)ကျောင်းရှိပါတယ်။ သက်ဆိုင်တဲ့ အားကစား နည်းအလိုက် လက်ရွေးစင် Camp တွေမှာသုံးမယ်လို့သိရပါတယ်။ ယခင်ကလည်း ကျွမ်းဘားနဲ့ လှေလှော်အားကစားနည်းပစ္စည်းပေးခဲ့ပါတယ်” ဟုကျောင်းအုပ်ကြီးဦးကျော်စိုးမိုးကပြောသည်။